
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ KKTV-1 မြန်မာဘာသာ သတင်းတင်ဆက်သူ ခေါ်ယူခြင်း ကြေညာချက်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ KKTV-1 သတင်းဌာနသည် ကိုးကန့်ဒေသအတွင်း နေ့စဉ် နိုင်ငံရေးသတင်း၊ ပြည်သူလူထုသတင်းစသည့် အကြောင်းအရာများကို အဓိကအားဖြင့် ထုတ်လွင့်လျက်ရှိရာ ယခုအခါတွင် ကိုးကန့် သတင်းများကို ပိုမိုပျံ့နှံ့စေရန်အတွက် မြန်မာဘာသာ သတင်းထုတ်လွှင့်ခြင်းအစီအစဉ်ကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် မြန်မာဘာသာသတင်းကြေညာသူများကို ဖိတ်ခေါ်လျက်ရှိပါသည်။
ခေါ်ယူသောလူဉီးရေ။ ။ ၄ ဦး၊ ကျား ၂၊ မ၂။
အသက်လိုအပ်ချက်။ ။ ၁၈ မှ ၃၀ အတွင်း။
ပညာရေးလိုအပ်ချက်။ ။ မြန်မာဘာသာ တက္ကသိုလ်အောင်မြင်ပြီးသူဖြစ်ရမည်။
လုပ်ငန်းလိုအပ်ချက်။ ။ရုပ်ရည်အသင့်အတင့်ရှိပြီး သာယာသောအသံရှိရမည် စာအရေးအသားကောင်းမွန်၍ သတင်း တင်ဆက်ခြင်း၊ သတင်းနှင့်စပ်ဆက်သော ကဏ္ဍများကို စိတ်ပါဝင်စားသူဖြစ်ရမည်။
လစာနှင့် အကျိုးခံစားခွင်။ ။အစမ်းခန့်ကာလအတွင်းလစာ (၁၅) သိန်း၊ သုံးလကြာ အတည်ပြုခန့်အပ်ပြီးနောက် လုပ်ငန်းစွမ်းရည်ပေါ်အခြေခံ၍ ၃ သိန်းမှ ၅ သိန်းတိုးပေးမည်ဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် အလုပ်ချိန်နှင့် စွမ်းရည် ပေါ်မူတည်၍ လစာတိုးပေးမည်ဖြစ်ပြီး ကိုးကန့်ဒေသအားလပ်ရက်များအတွက် ဘောနပ်စ်ထောက်ပံ့မှုများရှိမည်ဖြစ် သည်။ အလုပ်လုပ်ချိန်အတွင်း စာရိတ်ငြိမ်းဖြစ်သည်။
အခြားလိုအပ်ချက်။ ။ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှမ်းပြည်နယ်အတွင်းနေထိုင်သူဖြစ်ပြီး အထက်ပါ အခြေအနေများနှင့် ကိုက်ညီသူများကို ခေါ်ယူသည့်လူဦးရေပြည့်သည်အထိ ဦးစားပေးခန့်အပ်သွားမည်ဖြစ်သည်။
အကယ်၍ သင်သည် ကျွန်တော်တို့နှင့်အတူ လက်တွဲအလုပ်လုပ်ရန် စိတ်ပါဝင်းစားပါက အောက်ပါအချက်အလက်များကို ပြင်ဆင်ရန် လိုအပ်ပါသည်။
၁။ ပုဂ္ဂိုလ်ရေးကိုယ်ရေးရာဇဝင်အကျဉ်းပြင်ဆင်ရမည်ဖြစ်ပြီး ကိုယ်ရေးကိုယ်တာအခြေအနေ၊ ပညာရေး၊ လုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့် မိမိ၏ဓါတ်ပုံတစ်ပုံ ပေးပို့ရန်လိုအပ်ပါသည်။
၂။ ကိုယ်ရေးရာဇဝင်အကျဉ်းပြင်ဆင်ပြီးပါက အောက်ပါသို့လိပ်စာများသို့ရွေးချယ် ပေးပို့နိုင်ပါသည်၊ Email-kktvkokang@gmail.com သို့မဟုတ် facebook: ကိုးကန့်သတင်း kokangnews သို့မဟုတ် Viber: 09666370294
၃။ ကိုယ်ရေးအကျဉ်းကို လက်ခံရရှိခဲ့ပြီးနောက် ကျွန်တော်တို့သည် ဝန်ထမ်းခေါ်ယူမှုလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိမရှိကို စိစစ်ပြီး သုံးရက်အတွင်း အကြောင်းပြန်ပေးမည်ဖြစ်သည်။
၄။ အသေးစိတ်သိရှိ စုံစမ်းမေးမြန်းမှုများရှိပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ပါသည်- 09697777118 ။

